Monday, August 23, 2021

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီးမှ ပြုပြင်လုပ်ဆောင်နိုင်မယ်၊ ဆိုတဲ့အရေးမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မပါ

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီးမှ ပြုပြင်လုပ်ဆောင်နိုင်မယ်၊ ဆိုတဲ့အရေးမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မပါပါဘူး။ ဒီအရေးမှာ အုပ်ချုပ်သူအစိုးရပေါ်မှီတည်နေတဲ့ ဥပဒေတွေ မူဝါဒတွေဟာ သဘာဝပတ်ဝန်းကျင်ရေရှည်တိုးတက်မှုအတွက် ထိထိရောက်ရောက်လုပ်ဆောင်နိုင်​နေလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဥပဒေတွေ မူဝါဒတွေဟာ အုပ်ချုပ်သူအစိုးရကို အပ်နှံထားတာဆိုပေမယ့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ပွဲဝင်နေရမှာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသူတယောက်ဆီတိုင်းပဲဖြစ်ပါတယ်။ စစ်အာဏာရှင်ပြတ်သုဥ်းသွားသော် မူဝါဒပိုင်းဆိုင်ရာ ဥပဒေပိုင်းဆိုင်ရာမှာ ပြန်လည်ထောင်မတ်လာနိုင်ပေမယ့် အချိန်နဲ့အမျှယိုယွင်းပျက်စီးလာတဲ့ တောတောင်ရေမြေဇီဝမျိုးကွဲကတော့ ချက်ချင်းပြန်လည်မထောင်မတ်လာနိုင်ပါဘူး။ စစ်အာဏာရှင်လက်အောက်မှာ သဘာဝသယံဇာတတွေဟာ ပိုမိုဆုတ်ယုတ်နိုင်တာ မှန်ပေမယ့် လွတ်လပ်ဖွံ့ဖြိုးတယ်ဆိုတဲ့နိုင်ငံတွေရဲ့ စီးပွားရေးကော်ပိုရေးရှင်းတွေအောက်မှာလည်း ပြန်လည်ပြည့်တင်းလာမှုဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ Climate Change ရဲ့စိန်ခေါ်မှုကြီးတာကြောင့် Paris Agreement ကို 2015 မှာ စတင်အကောင်အထည်ဖော်ကြပါတယ်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၁၉၇ နိုင်ငံတွေရဲ့အကြီးအကဲတွေက ၅နှစ်အတွင်း ကာဗွန်ထုတ်လွတ်မှုလျော့ကျခြင်းဖြင့် Pre-industrial levels အောက် 1.5 or 2 degree Celsius လျှော့ချမယ်လို့ ကတိကဝတ်ပြုကြပါတယ်။ သို့ပေမယ့် ယခုလက်ရှိ နိုင်ငံတကာရဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တွေကတော့ လက်နက်အင်အားပြိုင်ဆိုင်မှုနဲ့ စီးပွားရေးအင်အားပြိုင်ဆိုင်မှု တွေပဲဖြစ်ကြတယ်။ Paris Agreement ကို ဦးတည်တော်လှန်တဲ့ Greta Thunberg လဲ ယခုအချိန်ထိ တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ဘယ်ထိပ်သီးနိုင်ငံမှ ခေါင်းထဲစွဲနေအောင် မရှိကြသလို ဒီ Issue ကိုလည်း ဟာသတခုလိုတောင် မေ့မေ့ပျောက်ပျောက်ဖြစ်နေကြပါတယ်။ မြန်မာနိုင်ငံကလည်း အရပ်သားတပိုင်းအစိုးရလက်ထက် ၂၀၁၈၊ ဇွန်လ ၅ရက်မှာ အမျိုးသားပတ်ဝန်းကျင်မူဝါဒနဲ့ မြန်မာ့ရာသီဥတုပြောင်းလဲမှု မူဝါဒများကို ပြဌာန်းခဲ့ပါတယ်။ ဆိုလိုတာက အုပ်ချုပ်သူလက်ထဲအပ်ထားတဲ့ ဥပဒေတွေမူဝါဒတွေအပေါ်မှာ သဘာဝပတ်ဝန်းကျင်အရေး ထိန်းသိမ်းစောင့်ရှောက်မှုကို အလုံးစုံမှီတည်လို့မရပါဘူး။ ဆရာမ Vandana Shiva ပြောတဲ့စကားလို "I can't wait for Government and Cooperation to make a shift, but People Master." အပြောင်းအလဲတခုလုပ်ဖို့ အစိုးရနဲ့ ကော်ပိုရေးရှင်းတွေ သဘောပေါက်လာမယ့်ရက်ကို စောင့်မနေနိုင်ဘူး၊ ပြည်သူတွေကပဲ အစပြုရမှာဖြစ်တယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်အရေးမှာ ဒီစကားကတော်တော်ထိရောက်ပါတယ်။ ၂၁ ရာစုအတွက် စိန်ခေါ်မှုကြီးတဲ့ Climate Change ကတော့ လူတွေသဘောမပေါက်ခင်မှာပဲ ယခုလက်ရှိရင်ဆိုင်ကြုံတွေ့နေရပါပြီ။ ဂေဟစနစ်ပျက်စီးလာမှုရဲ့ ဆိုးဝါးတဲ့အကျိုးဆက်အနေနဲ့ မျက်ဝယ်ကမ္ဘာတဝန်းဖြစ်ပျက်နေတဲ့ Corona Virus ကတော့ အသိသာအထင်ရှားဆုံးဖြစ်ရပ်ပါ။ ဆရာကြီး Sulak Sivaraksa ပြောသလို တဦးချည်းဆီတိုင်းရဲ့ နာမ်ဝိညာဉ်ပိုင်းခံယူချက် ဦးစွာပြောင်းလဲမှု (Spiritual Change) ဟာ၊ သဘာဝပတ်ဝန်းကျင်အရေးအတွက်တော့ အတော်ထိရောက်ပါတယ်။ ဘာအရာမှာမဆို အပြောထက် အလုပ်ကအဓိကကျတယ် ဆိုသလို၊ သဘာဝပတ်ဝန်းကျင်အရေးမှာလည်း တယောက်ချည်းစီတိုင်းရဲ့ ခံယူချက်၊ လုပ်ဆောင်ချက်ဟာ ပိုမိုလို့တောင် အဓိကကျပါတယ်။ မြန်မာ့အရေးမှာ UN တို့ အာဆီယံတို့ကို စောင့်ဆိုင်းနေလို့မရသလို ဖျက်ဆီးရတာမြန်သလောက် ပြုပြင်ဖို့အချိန်အတော်အတန်ယူရမယ့် သဘာဝပတ်ဝန်းကျင်အရေးမှာလည်း နိုင်ငံလွတ်လပ်ခွင့်ကို စောင့်ဆိုင်းနေလို့မရပါဘူး။ အပြောနဲ့အဟောကို တန်းတူလုပ်ရင်း သဘာဝပတ်ဝန်းကျင်အရေးသမားတွေ ဒီကာလမှာ လျှောက်လမ်းမပျောက်ဖို့နဲ့ တခုခုကိုစောင့်ဆိုင်းမနေဖို့ အားဖြည့်စကားလေးပြောလိုက်ပါတယ်။ ကိုးကား ဖွဲ့စည်းပုံဖြင့် အကြမ်းဖက်ခြင်း နှင့် ပညာရေးရဲ့ရနံံ့ ဖွံဖြိုးရေးမှတ်စု - ဆရာပီတာ The Earth Magazine Global Affair Magazine

“F” for Climate Change: Flight

ပျံသန်းခြင်း အယ်လီရာ လို့အမည်ရတဲ့ ချွန်ထက်နေတဲ့တောင်ပံတွေနဲ့အတူ ပြောင်ချောပြီး ဖြူဖွေးစွတ်နေတဲ့ လေယာဥ်ဟာ နောက်ဆုံးပေါ် F-16 လေယာဥ်ဒီဇို...